Friday, May 31, 2013

How to make GPK file from APK with GPK Maker

Original From: http://www.fullpremiumnowfree.com/2013/03/make-gpk-files-on-computer-and-install.html
ကျွန်တော်တို့ pes တို့လို ဘောလုံးဂိမ်း apk တွေမှာ data ကော apk ကောပါထည့်ပေးရပါတယ်။apk ကို install လုပ်ပြီး ထိုဂိမ်းမှဆောက်ပေးတဲ့ folder ထဲမှာ data ဖိုင်ကို ထည့်ပေးရတာပါ။ဒါက ဖိုင်ဆိုဒ်ကြီးလို့
ဖြစ်ပါတယ်။ ဒါကို apk ကနေ .gpk ပြောင်းပြီး တစ်ခါတည်းထည့်ပေးလို့ရပါတယ်။ အောက်က freepremiumnowfree.com က တင်ပေးထားတဲ့ GPK Maker လေးကို အရင်ဒေါင်းလိုက်ပါ။ အဲ့ထဲမှာ အသုံးပြုနည်းအစုံပါ ပါတယ်။


Now instruction to install GPK installer on phone !
Open extarcted folder You will see , "How to install GPkinstaller in Android" folder
Read it ! and follow instruction !


To download GPK maker from Mediafire pro, Click Here !
To download from Dropbox , Click Here !

To download with 1 touch auto download link , Click Here!
 Or 1 touch auto download from Mediafire Pro, Click here !

Note that while on Andriod Phone !!

  • You must install GPKinstaller in android phone and Must find GPK files only from that app and install from it !
  • For Samsung Phone, GPK  files must be added to the SDcard0 and not to External SD card to be scanned by application !
  • For Other, Your can add GPK File to anywhere you like!

    May you get a cool day ! :)

Android Application ရေးသားခြင်း

 Copy From: Min Soe Yar Sar
 Part 1,2,3,4 ကို တစ်ခါတည်းပေါင်းထားသည်။

Android ဆိုရင်..လူတိုင်းစိတ်ဝင်စားကြပါတယ်။ IOS နဲ့ ယှဉ်လိုက်ရင်.. Android က...free ရတာများပါတယ်။ Open Source ဖြစ်တဲ့အတွက်..စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ Android application ရေးသားနည်းကို..အပြင်မှာဆိုရင်.. သိန်းချီပေးပြီး..သင်တန်းတွေတတ်နိုင်ပါတယ်။ ဒါပေမဲ့.. မတတ်နိုင်တဲ့သူတွေအတွက်.. သိသလောက်ကို..ဝေမျှလိုက်ပါတယ်။ ညီမလည်း..စာအုပ်တွေပဲဖတ်ပြီး..လေ့လာနေတဲ့သူတစ်ယောက်ပါ။ Android Application ရေးနည်းမပြောခင်..အရင်ဆုံး Android အကြောင်းကို..မိတ်ဆက်ပေးချင်ပါတယ်။
Android ဆိုတာဘာလဲ
    Android ဆိုတာ..ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများအတွက်... ဦးတည်ပြီး ဒီဇိုင်းထုတ်လုပ်ထားသော ၊ အများနားလည်လွယ်ပြီး..မည်သူမဆိုယူသုံးနိုင်သည့်.. Open Source Platform တစ်ခုပါ။ Android ကို Google မှပြည့်စုံသည့်အဆင့်ရောက်အောင်.. မွမ်းမံပြီး.. Open Handset Alliance ( OHA ) မဟာမိတ် အုပ်စုမှ..ပိုင်ဆိုင်ပါတယ်။ OHA ၏ရည်ရွယ်ချက်က.
. wireless device များကို..ပိုမိုဆန်းသစ်ရန်နှင့်.. အသုံးပြုသူများအား..ပိုမိုစုံလင်ပြီးဈေးသက်သာသည့်.. wireless device များဖန်တီးပေးရန်ဖြစ်ပါတယ်။ Android သည် Linux ပေါ်တွင်..အခြေခံထားပါသည်။ Linux ပေါ်တွင်အခြေခံရခြင်းမှာ.. ပေါ့ပါးခြင်း ၊ portability ၊ လုံခြုံခြင်း security နှင့် features စုံလင်မှုတို့ကြောင့်ပါ ။ 
 Part 2
Android Application ရေးသားဖို့အတွက်.. Software ၃ မျိုးလိုပါတယ်။
1. Java SE SDK
2. Android SDK
3. Eclipse IDE

     Java SE SDK Installation
- ပထမဦးစွာ.. Java SE SDK က..မိမိကွန်ပျူတာထဲတွင်ရှိမရှိကို..စစ်ဆေးရပါမယ်။
- Run > cmd ဖွင့်ပြီး java လို့ရိုက်လိုက်ပါ။ ရှိရင်တော့.. Java ရဲ့ version အကြောင်းကျလာပါလိမ့်မယ်။
- " java is not recognized as an internal or external command " ဆိုရင်တော့မရှိလို့ပါ။
- Java SE SDK မရှိရင်.. ဒီနေရာမှာဒေါင်းပါ
- download ဆွဲလို့ရလာရင်..အဆင့်ဆင့် run ပါမယ်။ Next တို့ Finish တို့နှိပ်ရုံပါပဲ။
သိပ်မခက်လို့.. run ပုံ run နည်းကို..မရှင်းပြတော့ပါဘူး..။ ^_^



     Android SDK Intallation
     Android SDK သည် Android Platform ပေါ်တွင်... Application များရေးသားလိုသူ Developer များအတွက်..အလွန်အသုံးဝင်သော.. software ဖြစ်ပါတယ်။ Android SDK တွင် နမူနာ project များ ၊ Source Code များ ၊ Development Tool များ ၊ Emulator ခေါ် window ပေါ်တွင် Android ဖုန်းကဲ့သို့အသုံးပြုနိုင်သည့်..ဖုန်းပုံစံငယ် နှင့် Android Application များတည်ဆောက်ရန်အတွက်.. လိုအပ်သော Libraries များပါဝင်ပါတယ်။ Java SE SDK ကို install မလုပ်ထားပါက.. Android SDk ကို install လုပ်ချိန်တွင်.. Warning Message နှင့် Error Message များကို..တွေ့ရတတ်ပါတယ်။ Java SE SDK ကို install လုပ်ပြီးမှ.. Android SDK ကို install လုပ်ဖို့အကြံပေးချင်ပါတယ်။

- Android SDK ကို ဒီမှာဒေါင်းပါ
- ရလာရင် double click နှိပ်ပြီး run လိုက်ပါ။
- Welcome to the Android SDK Tools Setup Wizard လို့ပေါ်လာရင် Next ကိုနှိပ်ပါ။
- Choose User နေရာမှာ.. ကြိုက်တာပေးပါ။
- Choose Install Location နေရာမှာ C:\User\user\AppData\Local\Android\android-sdk လို့ပေးပြီး Next ကိုနှိပ်လိုက်ပါ။
- Install > Next > Finish ဆိုရင် Android SDK ကို.. install လုပ်ပြီးပါပြီ။
  Part 3 

   Eclipse IDE Installation
    IDE (Integrated Development Environment) ဆိုသည်မှာ Software တစ်ခုကို ကိုယ်တိုင် Development လုပ်လိုသော computer programmer များအတွက်… နားလည်လွယ်သော ၊ အသုံးပြုရလွယ်ကူသော.. high level comprehensive facilities များကို..စုစည်းထားသော Software Application တစ်ခု (သို့) User Interface တစ်ခုပါ။
    IDE တစ်ခုတွင်..ပုံမှန်အားဖြင့်..
11.    Source Code Editor
22.    Build Automation Tools နှင့်
33.    Debugger ဟူသောအစိတ်အပိုင်း သုံးခုပါဝင်ပါတယ်။
- အရင်ဆုံး Eclipse IDE ကို download ဆွဲလိုက်ပါ။  (Eclipse IDE for Java EE Developers ကိုဒေါင်းပါ) Download Here
- Download ဆွဲလို့ရလာတဲ့ file က zip လုပ်ထားရင်.. Extract လုပ်ပါမယ်။
- Extract လုပ်လို့ရလာတဲ့ file ကို D:\ အောက်တွင် AndroidApp ဆိုတဲ့ folder တစ်ခုဆောက်လိုက်ပါ။
 
AndroidApp folder အောက်တွင်ထည့်လိုက်ပါမယ်။
-      
  








- ပြီးရင် eclipse.exe ကို run ပါမယ်။
- Android Application များကို Eclipse IDE မှ..တစ်စုတစ်စည်းတည်း.. သိမ်းဆည်းရန်အတွက်.. Workspace Location ရွေးခိုင်းပါလိမ့်မယ်။
- ထို့ကြောင့် D:\AndroidApp\ အောက်တွင် AndroidWorkspace ဆိုပြီး folder တစ်ခုဆောက်လိုက်ပါ့မယ်။
- Workspace Location ကို Browse ထဲမှ.. D:\AndroidApp\Workspace ကိုရွေးပေးရပါမယ်။
- OK နှိပ်လိုက်ပါမယ်။
  










- ဒီလိုမျိုးပေါ်လာရင်တော့.. Eclipse IDE ကို…အောင်မြင်စွာ Install လုပ်နိုင်ပါပြီ။
Eclipse IDE ကို Install လုပ်ပြီးရုံဖြင့်..ရေးလို့မရသေးပါဘူး။ Android emulator ကို..ထည့်ရပါမည်။
Emulator ထည့်နည်းကိုနောက်တစ်ရက်..ပြောပြပေးသွားပါ့မယ်။
 Part 4
Sorry ပါ.. မရေးတာကြာလို့..မေ့သွားပီလားတောင်..မသိဘူး..။ upload တင်ဖို့လုပ်နေတာမပြီးလို့ပါ။ အရင်က..အပိုင်း ၁ ၊ ၂ ၊ ၃ ကို..ရကြမယ်လို့တော့..ထင်ပါတယ်။ မရှင်းတာရှိရင်.. cbox မှာပဲဖြစ်ဖြစ်..
https://www.facebook.com/groups/minsoeyarsar/ မှာပဲဖြစ်ဖြစ်..မေးမြန်နိုင်ပါတယ်နော်..။



Install New Software in Eclipse IDE

Android Application ရေးဖို့အတွက်.. Eclipse ထဲကို..ထည့်ရမယ့်အရာတွေရှိပါတယ်။
1 1. Android SDK Repository for Eclipse (1.5 to 4.0)  // download link ကို install လုပ်သည့်အပိုင်းမှ..တင်ပေးပါ့မယ်။ zip လုပ်နေတာမပြီးသေးလို့ပါ L file size က 3 GHz ကျော်ကျော်ရှိလို့ပါ…. 
   2. ADT-16.0.0 ( zipped files ) Download Here

တို့ကို.. D:\AndroidApp အောက်သို့ copy ကူးပြီးထည့်ထားပါ။


- Eclipse IDE ကိုပြန်ဖွင့်လိုက်ပါ။
- Help > Install New Software ကိုနှိပ်လိုက်ပါ။













- Install window ပေါ်လာလျှင် Add button ကိုနှိပ်လိုက်ပါ။
- Archive ကိုနှိပ်လိုက်ပြီး.. window ပေါ်လာပါက.. ခုနက download ဆွဲပြီးထားထားတဲ့… ADT-16.0.0 (zip file ) ကိုရွေးလိုက်ပါ။
- Name နေရာတွင် Android ADT လို့ပေးလိုက်ပါမယ်။
- ပြီးရင် ok ကိုနှိပ်လိုက်ပါမယ်။
- Developer Tools အားလုံးကို..အမှန်ခြစ်ခြစ်ပြီး… Next ကိုနှိပ်လိုက်ပါ။
- Install လုပ်နေပါလိမ့်မယ်…..
- ပြီးသွားလျှင် Next ကိုနှိပ်လိုက်ပါ…
- “ I accept the terms of the license agreement “ ကိုရွေးပြီး.. Finish ကိုနှိပ်လိုက်ပါ..။
- Computer ၏ Speed ပေါ်မူတည်ပြီး…အချိန်ကြာနိုင်ပါတယ်… 
** အခုလို install လုပ်နေချိန်တွင်.. Internet Acess ရနေလျှင်.. ပိတ်ထားသင့်ပါတယ် ။ ဘာလို့လဲဆိုရင်..internet ရနေလျှင်.. install လုပ်နေချိန်တွင်.. 
Error message များကျလာနိုင်ပါတယ် **
- Installation ပြီးဆုံးသွားပါက.. Eclipse IDE ကို.. Restart ချခိုင်းပါလိမ့်မည်။ Ok ကိုနှိပ်ပြီး.. restart ချလိုက်ပါ။
- Eclipse IDE ပြန်တတ်လာချိန်တွင်.. Workspace Location ကိုပြန်ရွေးခိုင်းပါလိမ့်မယ်..။
- အရင်တစ်ခါကလိုပဲ.. D:\AndroidApp\AndroidWorkspace ကိုရွေးပေးလိုက်ပါ။
- အခု.. Eclipse IDE ၏ Android Preference များကို.. Configure လုပ်ဖို့..အဆင်သင့်ဖြစ်နေပါပြီ..။
- Configure လုပ်နည်းကို..နောက်ရက်..ဖော်ပြပေးသွားပါမယ်..။ 
*** ဆက်လက်ဖော်ပြပေးပါမယ် ***
  Can download Android အခြေခံသဘောတရားများစာအုပ်: http://www.mediafire.com/download/kk5uuupqrcjty8b/Basic+Android.pdf

Zawgyi Keyboard နဲ့ အက္ခရာများရိုက်ခြင်း

Zawgyi Keyboard Download Link:

>>> Download Zawgyi One Font  

>>> How to Download and Install Myanmar Zawgyi Font 

From: http://alpha-zawgyi-download.blogspot.com 

Keyboard လက်ကွက်ကြည့်မယ်ဆိုရင် Google Results Link   
 Zawgyi Keyboard မှာ အောက်ဆင့်ရိုက်မယ်ဆိုရင် ~ (tide or dead key) နဲ့ အောက်ဆင့်လိုတဲ့အက္ခရာ နဲ့ ရိုက်ပေးရပါတယ်။
အောက်ဆင့်စကားလုံးဟာ Shift key နဲ့ တွဲနှိပ်ရိုက်ရမယ့်စကားလုံးဖြစ်မယ်ဆိုရင် (ဥပမာ- ဓ) Ctrl + Alt + Shift + ဓ ပါ။
၍ ၌  စတဲ့ စကားလုံး​တွေကိုတော့ Ctrl + Alt + i  (or) Ctrl + Alt + y စသည်ဖြင့် တွဲရိုက်ပါတယ်။

http:နောက်မှ // နှစ်ခု

အင်တာနက်သုံးဖို့ ဝဘ်ဆိုဒ် လိပ်စာ တစ်ခုခုကို ဖွင့်တဲ့အခါ http(s) ပြီး ရင် နောက်မှာ Slash (မျဉ်းစောင်း) နှစ်ခု ရိုက်ရိုက်ထည့်ပေးရပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်းနှစ်ခုမှာ မလိုအပ်ပဲ တီထွင်သူ Tim Berners-Lee က မှားယွင်းထည့်သွင်းမိတာလို့ ဆိုပါတယ်။ ဒီအတွက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက World Wide Web တီထွင်သူ Tim Berners-Lee ကိုယ်တိုင် တောင်းပန်စကားဆိုခဲ့ပါတယ်။ အမှန်တော့ ယင်း မျဉ်းစောင်း နှစ်ခုဟာ မလိုအပ်ပဲ အချိန်ပိုကြာစေတဲ့ အရာ တစ်ခု လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် စစချင်း တီထွင်တုန်းက သူ့ရဲ့  အင်ဂျင်နေယာ ကွန်ရက်ငယ်လေးသာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဒီတော့ နောက်တော့ အခြား နယ်ပယ်များအထိ ကျယ်ပြန့်လာပြီး ကမ္ဘာသုံး အင်တာနက်ရယ်လို့ ဖြစ်လာပါတယ်။ သို့ပေမယ့် မျဉ်းစောင်း နှစ်ခုကို ဖျက်ဖို့အတွက် Tim Berners-Lee အတွက် နှောင့်နှေးသွားပြီ ဖြစ်ပါတယ်။
အားလုံး အသုံးပြုနေပြီဆိုတဲ့အချိန်မှာ ပြန်လည်ပြင်ဆင်ဖို့ မလွယ်ကူတော့ ပါဘူး။ ဒါကြောင့် ယနေ့တိုင် အင်တာနက်မှာ ဝဘ်ဆိုဒ်လိပ်စာများ ရှာဖွေ မယ်ဆိုရင် https:// အစရှိသဖြင့် မျဉ်းစောင်း နှစ်ခုကို ထည့်ထည့် ပေးနေ ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC
မှန်မမှန် BBC တွင်ပြန်ရှာကြည့်ပါ။

Thursday, May 30, 2013

Android Pattern Lock မေ့သွားလျှင် ဖြေရှင်းနည်း(4)

အားလုံးပဲ မင်္ဂလာပါဗျာ။ ဒီပို့စ်လေးကတော့ ကိုမောင်ပေါက်ဘဘော့ ကနေတိုက်ရိုက်ပြန်လည်မျှဝေခြင်းဖြစ်ပါကြောင်း ပထမဆုံးပြောလိုပါတယ်။ Android phone တွေမှာ တစ်ခါတလေ Lock Pattern password မေ့နေတာမျိုးကြုံဖူးကြမှာပါ။ ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆိုရင်လည်း ကလိရင်း မေ့သွားလို့ ကျွန်တော်ကို ဒုက္ခပေးပါတယ်။ ဒါကြောင့် ဒီပို့စ်လေးက အသုံးဝင်မှာပါ။ အောက်က စာသားတွေက မူရင်း ဘလောဂါရဲ့ အာဘော်အတိုင်းဖော်ပြလိုက်ပါကြောင်း။ 
နည်းလမ်း (၁)

ဒီနည်းလမ်းကိုပြုလုပ်ဖို့အတွက် Pattern Lock ကျနေသောဖုန်းသည် Root လုပ်ထားသောဖုန်းဖြစ်ရမည် ။ USB Debugging On ထားခဲ့သောဖုန်းဖြစ်ရမည်။ အဲဒီအချက်တွေပြည့်စုံပြီဆိုရင်တော့ အောက်ကအဆင့်တွေဆက်လုပ်ကြရအောင်။

အရင်ဆုံး ဒါလေး အရင်ဒေါင်းပါ –Download Remove Pattern
or Download from Mirror Link Here (Dropbox)

ဒေါင်းပြီးရင်တော့ သင့်တော်ရာနေရာမှာ ဖြည်ထုတ်ပါ .

ဖြည်ထုတ်လို့ ပြီးတဲ့ Folder ထဲဝင်ပြီး လွတ်တဲ့တစ်နေရာရာမှာ SHIFT + RIGHT-CLICK နှိပ်ပြီး ၊ Open Command Window Here ဆိုတဲ့စာသားကို ရွေးပြီး Click လိုက်ပါ

Command Window တက်လာပါလိမ့်မယ် .

နောက်တစ်ဆင့်တက်မယ် . Pattern Lock ကျနေတဲ့ ဖုန်းကို ပါဝါဖွင့်လျက်ထားပြီး ကွန်ပျုတာနဲ့ ချိတ်ဆက်လိုက်ပါ။ အောက်မှာပေးထားတဲ့ command တွေကို copy ကူးပြီး Command Window ထဲမှာ Paste လုပ်ပါ . ပြီးရင် Enter ခေါက်ပေးပါ..။

adb shell

cd /data/data/com.android.providers.settings/databases

sqlite3 settings.db

update system set value=0 where name=’lock_pattern_autolock’;

update system set value=0 where name=’lockscreen.lockedoutpermanently’;
.quit
 အဲဒါပြီးရင်တော့ စက်ကို Reboot လုပ်လိုက်ပါ .
စက်ပြန်တက်လာအောင်စောင့်ပေးပါ . တက်လာပြီဆိုရင်တော့ သင့်ဖုန်းမှာ Pattern Lock က မပြုတ်ပဲ ကျန်နေပါလိမ့်ဦးမယ် . အဲဒီအတွက် နောက်ထပ် Command တစ်ကြောင်းထပ်ရိုက်ပေးရပါဦးမယ်

အောက်မှာပေးထားတဲ့ စာကြောင်း ရိုက်ပြီးသွားရင်တော့ စက်ကို reboot လုပ်စရာမလိုတော့ပါ .

 adb shell rm /data/system/gesture.key
Video ကို ဒီ Link မှာကြည့်နိုင်ပါတယ်....။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


နည်းလမ်း(၂)
ဒီနည်းလမ်းကို လုပ်တော့မယ်ဆိုရင် အရင်ဆုံး SD ကဒ် နဲ့ SIM ကဒ်ကိုဖြုတ်ထားတာပိုကောင်းမယ်ထင်ပါတယ်....

 

Android ဖုန်းများတွင် မိမိပေးထားသော Pattern Lock မေ့သွားရင် ဖုန်းကို Hard Reset လုပ်ပြီးပြန်ဖြည်နိုင်ပါတယ်။

 

Hard Reset လုပ်ရန်အတွက် Recovery ထဲကိုဝင်ရပါမယ်

Recovery ထဲဝင်နည်းတွေကတော့ ဖုန်းတစ်လုံးနဲ့တစ်လုံးမတူကြပါဘူး

မိမိဖုန်းရဲ့ Hard Reset Key ကိုလိုချင်ရင်တော့ Internet မှာ (ဥပမာ - Huawei C8600 Hard Reset Key ဆိုပြီး ) ရှာကြည့်ပါ

ယခု ကျွန်တော့်ကတော့ Samsung Galaxy Fit ရဲ့ Recovery Mode ထဲကိုဝင်ပြပါ့မယ်

 

(၁)   ပထမဆုံးအနေနဲ့ ဖုန်းကိုပါဝါပိတ်လိုက်ပါ

(၂)   Home Button နဲ့ Power Button ကို ၁၅ seconds လောက်ဖိထားပါ (Samsung Logo

        တက်လာရင်လဲဆက်ဖိထားပါ )

        Recovery Mode ထဲရောက်ရင်ဖိထားတာကိုလွှတ်လိုက်ပါ..။

(၃)   အဲဒီထဲက Wipe data/ factory reset ဆိုတာကိုရွေးပြီး Yes ကိုရွေးပေးလိုက်ပါ

(၄)   ပြီးရင် ဖုန်းကို Reboot လုပ်ဖို့အတွက် အပေါ်ဆုံးက Reboot system now ကိုရွေးပေးလိုက်ပါ

(၅)   ဒါဆိုရင် ဖုန်းပြန်တက်လာတဲ့အခါမှာ Pattern Lock ဖြည်ပြီးသွားပါပြီ

 

မှတ်ချက်(၁) -  Recovery Mode ထဲတွင် Touch Screen အလုပ်မလုပ်ပါ

                       ဒါကြောင့် မိမိရွေးလိုသောစာကြောင်းကိုသွားရန် Volume Up နဲ့

                       Volume Down ခလုတ်တွေကိုသုံးပါ

                       မိမိလိုချင်သောစာကြောင်းကိုရောက်ရင် Power Button ကိုတစ်ချက်နှိပ်ပါ

             

မှတ်ချက်(၂) -  Hard Reset လုပ်ရင် မိမိဖုန်းအတွင်းရှိ Contact, Message နဲ့ Application

                       များအကုန်ဖျက်ပြစ်မှာဖြစ်ပါတယ်

                       ဒါကြောင့် Hard Reset မလုပ်မီ မိမိဖုန်းကို Computer နဲ့ချိတ်ပြီး PC Suite တစ်ခုခုနဲ့ 

  Backup အရင်လုပ်ထားပါ။
 Credit to: http://thetkhineu.blogspot.com/

 How to Factory Reset Android when locked?
 
One can easily factory reset the phone when unlocked. But how to reset it when the phone is locked. Here is the solution
 
Press Volume UP + Home + Power buttons till the Samsung logo appears.
This will launch the recovery mode for Android Phone
Now chose the option to wipe data/ factory reset.
Restart the phone.
 
Note : In the recovery mode , touch screen doesn't works. You have to use the volume keys to go UP and DOWN. To select press power button or home .

 
Credit to: http://wtf-tricks.blogspot.com/ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

နည်းလမ်း (၃)
ဖုန်းထဲမှာ google account တော့ ဝင်ထားဖို့လိုပါတယ် ...

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ ...
Wi-Fi ချိတ်ထားဖို့ လိုပါတယ် ... ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်းတစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ ...
Answer လုပ်လိုက်ပါ ... ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ ...
ပြီးတော့ ဖုန်းချလိုက်ပါ ...
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ ...
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ " you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. " ဆိုပြီး ပေါ်လာပါမယ် 
  OK နှိပ်လိုက်ပါ။ စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ရင် ဒီလိုလေးပေါ်လာမယ်။
 ဒါဆိုရင် သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ ...
ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ ... ဒီတစ်ခါတော့ မှတ်ထားပေါ့နော် ...
ပြီးရင် Continue နှိပ်ပါ ...Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် ...
ပြီးရင် Confirm နှိပ်ပါ ...ဒါဆိုရင်တော့ သင်ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် ...


အကယ်လို့ ... ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် ...

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည်တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ??? PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ ... ပြီးရင် Restart ကျပါမယ် ... မကျရင် ကိုယ့်ဟာကို ချလိုက်ပါ ... ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ ...

အားလုံးပဲ အဆင်ပြေကြပါစေဗျာ ...
Credit to:http://myanmarplay.com/

Credit to : http://winkabarkyaw.blogspot.com
နည်းလမ်း (၄)

Pattern Lock မေ့နေတဲ့သူငယ်ချင်းများအတွက် ဒီနည်းလမ်းလေးကတော့ ဖုန်းထဲက ဒေတာတွေ မပျက်ပါဘူး။ လိုအပ်ချုက်တော့ရှိပါတယ် ဖုန်းက root လုပ်ပြီးသားဖြစ်ရပါ့မယ်... နောက်တစ်ခုက Usb debugging on မိခဲ့ဖို့ပါ အဲဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ အဲဒီအချက်တွေ ဖုန်းမှာ လုပ်ထားမိတယ်ဆိုရင်တော့ ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ဒေါင်းလော့ဖိုင်ထဲက ဖိုင်လေးကို ဖြည်ပြီးတော့ အထဲက remove pattern ဆိုတဲ့ bat ဖိုင်လေးကို run လိုက်ပါ press any key to continue ဆိုပေါ်လာရင်တော့ enter တစ်ချက်နှိပ်လိုက်ပါ။  ဒါဆိုရင်တော့ pattern lock ကို လိုသလိုဆွဲနိုင်ပါပြီခင်ဗျာ။ 

အဆင်ပြေပါစေ။။

Credit to: Mutual Friend (ပြည်) 

Special Credit to: http://komaungpauk.blogspot.com

Android OS phone secret Codes

Copy From:http://www.hoppingdream.blogspot.com/2012/09/android-os-phone.html

ကျွန်တော် Android Phone ကိုင်ဆောင်သူတွေအတွက် လျှို့ဝှက်ကုဒ်လေးတွေဖြစ်ပါတယ်။ အောက်မှာ စမ်းသပ်နိုင်ပါတယ်။
( မှတ်ချက် ။ ။ ANDROID PHONE တိုင်းတွင်ရသည်ဟူ၍မဟုတ်၊ တချို့ဖုန်းများ ကုဒ်နံပါတ်နှင့် အဆင်မပြေဖြစ်တတ်သည်။ )


1. Testလုပ်ရန် ကုဒ်များ
*#0*#           -   General Test
*#*#0588#*#* – Proximity sensor test

*#*#2664#*#* – Touch screen test

*#*#2663#*#* – Touch screen version

*#*#0*#*#* – LCD test

*#*#0673#*#* (or) *#*#0289#*#* – Melody test

*#*#0842#*#* – Device test (Vibration test and Back Light test)

*#*#3264#*#* – RAM version

*#*#0283#*#* – Packet Loopback

*#*#232331#*#* - Bluetooth test

*#*#232337#*# - Bluetooth device address ကိုပြခြင်း

*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း

*#*#1472365#*#* - GPS test

*#*#1575#*#* - အခြား GPS test


2. Firmware အချက်အလက်ကြည့်ခြင်း

*#*#1234#*#* – PDA and Phone

*#*#1111#*#* – FTA SW Version

*#*#2222#*#* – FTA HW Version

*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number

*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate



3. Backup လုပ်ရန် ကုဒ်

*#*#273283*255*663282*#*#*


4. Service mode

*#*#197328640#*#*



5. End Call / Power button ပြောင်းလဲခြင်း

*#*#7594#*#*


6. Reset လုပ်ခြင်း

*2767*3855# – Factory setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို
အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။


*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Download လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ပစ်ပါသည်။

7. ဖုန်း၏ information ကြည့်ရှုရန်

*#*#4636#*#*- battery information, battery history, phone information, usage statistics
ကျွန်တော် သိသလောက်၊ တတ်သလောက်လေး ပြန် Share ပေးထားတာပါ။ အမှားပါရင်လည်းခွင့်လွှတ်ပါ။
အောင်ခိုင်မိုး 

more on: http://www.minsoeyarsar.com/2013/05/android-mobile-secret-codes_13.html

Sunday, May 26, 2013

Plants & Zombie Game Cheat Hack

Copy From: http://kokyawmyintoo.blogspot.com/2010/03/plants-vs-zombies-game-cheat-hack.html
Plants vs Zombies ကို ကစားရမယ့် အဓိက ပန်းတိုင်ကတော့ သင့်အိမ်ကို ကာကွယ်ပေးရန်ဖြစ်ပြီး၊ နှောင့်ယှက်ဖျက်ဆီး ဖို့အတွက် အိမ်ရဲ့ဥယျာဉ်ထဲကို ၀င်ရောက်လာတဲ့ Zombies တွေကို နှိမ်နင်းရန်အတွက် လိုအပ်တဲ့ အပင်များအား ၀ယ်ယူခြင်း၊ နေရာချပေးခြင်း စသည့်လုပ်ဆောင်ချက်များဖြင့် ကစားရသည့် game ဖြစ်ပါတယ်။

Plants vs Zombies Game ကို Mouse ဖြင့်ပင် ကစားရပါသည်။ ဂိမ်းပုံစံ (၅)မျိုးရှိပြီး Adventure, Mini-Games, Puzzle, Survival, plus the stress-free Zen Garden တို့ပင်ဖြစ်သည်။ Adventure Mode တွင် အခန်း (၅၀) ပါဝင်ပြီး၊ နေ့အချိန် ညအချိန် မြူဆိုင်းချိန် စသည်တို့ပါဝင်သလို ရေကူးကန်အခန်းနှင့် အိမ်ခေါင်မိုး ပေါ်အထိ တိုင်အောင်တက်ရောက်ကစားရ ပါလိမ့်မည်။

Adventure Mode တွင် ဆုံးခန်းတိုင်အောင် မကစား ရသေးပါက Mini-Games Mode သို့ ၀င်ရောက် ကစားခွင့်ကို ပိတ်ထားပါသည်။ Adventure Mode ဖြင့် အခန်းကုန်သည့်တိုင်အောင် ကစားလိုက်ပါက Mini-Games Mode အား ထပ်မံ၍ ဆက်လက်ကစားခွင့် ပေးလာပါလိမ့်မည်။

ထိုသို့ ကစားလာရင်း Puzzle အခန်းသို့ ရောက်လာပါလိမ့်မည်။ Puzzle အခန်းမှတစ်ဖန် Survival အခန်းသို့ ရောက်ရှိလာပါလိမ့်မယ်။ ပုံမှန်အားဖြင့် Survival Level မှာ အလံ (၅)ခုဖြစ်ပြီး၊ hard survival level မှာ အလံ (၁၀)ခုဖြစ်သည်။ Survival Endless အခန်းကတော့ သင်ဘယ်အဆင့် level တိုင်အောင်ကစားပြနိုင်သလဲ ဆိုတာကို စမ်းသပ်တဲ့ အခန်းပါပဲ။ Survival Endless အခန်းကတော့ Tempo အမြင့်ဆုံးအခန်းပါပဲ။ ခက်ခဲမှု အဆင့်မြင့်မားပြီး အဆုံးမရှိသည့်အတွက်ကြောင့် သင့်လက်ဆ မည်သို့ရှိပြီး ကစားအား မည်မျှကောင်းတယ် ဆိုတာကတော့ Survival Endless က အဆုံးအဖြတ်ပေးမှာပါ။
အမှန်တွင်တော့ ဒီဂိမ်းကို နည်းစနစ်မှန်မှန်၊ ကျွမ်းကျင်မှုအရှိဆုံးနဲ့ ကစားနေသည့်တိုင်အောင် Level များများ တက်လာတယ်ဆိုတာ ဖြစ်မလာခဲ့ပါဘူး။ ဒီတော့ ဘာလုပ်မလဲ။ အဓိက ပြဿနာကတော့ Sun ကို များများ ရစေဖို့ ပါပဲ။ သို့မှသာ သင့် Plants တွေအတွက် စိတ်တိုင်းကျ အသုံးချနိုင်မှာဖြစ်သလို Zombies တွေရဲ့ စိန်ခေါ်မှုကိုလည်း အောင်မြင်စွာနဲ့ ကျော်လွန်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတော့တယ်...။

(1) ပထမဦးစွာ Game Cheat Engine 5.6 ကို ရယူထားရပါမယ်။ သို့တည်းမဟုတ်လည်း Google ရဲ့ Search Engine မှာ Cheat Engine လို့ ရိုက်ပြီး ရှာဖွေကြည့်နိုင်ပါတယ်။ သတိပြုရန်မှာ အချို့သော Anti-Virus Program များက Cheat Engine ကို Trojan, Virus ဖြစ်သည်ဟု မှားယွင်းဖော်ပြတတ်ပါသည်။ ထို့အတွက် ကြောင့် Virus ပရိုဂရမ်များကိုလည်း ခေတ္တ္တပိတ်ထားပေးရန် လိုအပ်ပါသည်။
{Cheatengineကိုhttp://www.mediafire.com/download/wdq59qq498i9y67/Cheat_Engine_with_Tutorial.rar
https://www.dropbox.com/s/s7xloxfkvx6a8xg/Cheat%20Engine%206.2%20with%20Tutorial.rar မှလည်းဒေါင်းနိုင်ပါသည်}

(2) Download ချပြီးသွားပါက Cheat Engine ကို install တင်ပေးရပါမယ်။ ပြီးတော့ Cheat Engine ကို Open လုပ်ထားရပါမယ်။
(3) ထို့နောက် Plants vs Zombies Game ကို Open လုပ်ပေးလိုက်ပါ။

(4) Game ရဲ့ Option အတွင်းကို ၀င်ရောက်ပြီး Full Screen ဆိုတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးရပါမယ်။ OK နှိပ်၍ game ကို စတင်ရွေးချယ်ပြီး ကစားလိုက်ပါမယ်။ သင်ကစားနေသည့် game mode တွင် လက်ရှိဖြစ်ပေါ်နေသော sun တန်ဖိုးကို ကြည့်လိုက် ပါ။ အောက်တွင် ပြထားသည့်ပုံစံအတိုင်း SUN မှာ 50 ဟု ဆိုပါက ရရှိထားသည့် SUN တန်ဖိုးကို မှတ်သားထားလိုက်ရပါ့မယ်။ ပြီးတော့ game ကို space bar နှိပ်ခြင်းအား ဖြင့် pause လုပ်ထားလိုက်ပါ။

(4) ထို့နောက် ဖွင့်ထားသည့် cheat engine သို့ ပြန်သွားလိုက်ပါ။ Cheat Engine အတွင်းမှာ အပေါ်ဘက်ရှိ Process Lists icon ကို click တစ်ချက်နှိပ်လိုက်ပါ။ ထို့နောက် အောက်ဆုံးရှိ လက်ရှိ run နေသည့် Plants vs Zombies ရဲ့ popcapgame1.exe ကို ရှာဖွေပြီး Open လုပ်ရပါမယ်။









(5) Cheat Engine ရဲ့ Hex value တန်ဖိုးကို ယခင်မှတ်သားထားတဲ့ SUN ရဲ့တန်ဖိုး 50 ကို ရိုက်ထည့်ပေးရ ပါမယ်။ (ဂိမ်းအတွင်းက ပြသထားတဲ့ မည်သည့်တန်ဖိုးကို မဆို ရိုက်ထည့်နိုင်ပါတယ်) ။ တန်ဖိုး 50 ရိုက်ထည့် ပြီးပါက First Scan ကို click တစ်ချက်နှိပ်လိုက်ပါ။












(6) ပြီးတော့ Plants vs Zombies Game ကို ပြန်သွားပြီး Resume Game ကို ရွေးချယ်ပြီး ဆက်ကစားရ ပါမယ်။ လက်ရှိ SUN တန်ဖိုးမှာ 50 ရှိနေပြီး SUN နောက်တစ်ခု ထပ်ယူလိုက်ပါမယ်။ ဒါဆိုရင် SUN တန်ဖိုးမှာ 75 သို့ ပြောင်းသွားပါ့မယ်။ ယင်းတန်ဖိုး 75 ကို မှတ်သားထားပြီး game ကို ပြန်ပြီး pause လုပ်ထားပါ့မယ်။

(7) ထပ်မံပြီး Cheat Engine ကို ပြန်သွားလိုက်ပါ။ Cheat Engine ရဲ့အကွက်မှာ စောစောက မှတ်သားထားတဲ့ SUN တန်ဖိုး 75 ကို ထပ်ပြီး ရိုက်ထည့်ပေးလိုက်ပါဦး။ ပြီးတော့ Next Scan ကို click နှိပ်ကြည့်လိုက်ပါ။ ဒါဆိုရင် Found1 ရဲ့ Value 75 နဲ့ Address တစ်ခု ထပ်မံပေါ်လာပါမယ်။














(8) အဲဒီအပေါ်မှာ double click နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ဆုံးရှိ Address အကွက်ထဲမှာ စာကြောင်း တစ်ကြောင်း ထပ်တိုးသွားပါလိမ့်မယ်။ Frozen လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်တပ်ပေးလိုက်ပါ။ ပြီးနောက် ထိုစာကြောင်းပေါ်မှာ right click နှိပ်ပြီး Change Record မှတစ်ဆင့် Value ကို ရွေးချယ်လိုက်ပါ။ အဲ့ဒီအကွက် ထဲမှာ သင့်စိတ်ကြိုက်ကိန်းဂဏန်းများကို ရိုက်ထည့်ပေးလိုက်ပါ။













ဒါဆိုရင် SUN တန်ဖိုးမှာ ယခင်ရိုက်ထည့်လိုက်တဲ့ ပမာဏအတိုင်း SUN တွေ ရောက်ရှိသွားပြီပေါ့။ ကုန်သွားမှာ လည်း မပူရတော့ပါဘူး။ ထပ်မံပြီး လိုအပ်လာပါကလည်း အထက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါသေးတယ်။ ကဲ..။ အားရပါးရ ကစားလိုက်ကြပါစို့။



Cheat Engine 6.2 with tutorial

Cheat Engine ဆိုတာ ဂိမ်းတော်တော်များများကို အချိန်၊အမြန်နှုန်း(timer) တွေကနေစပြီး ရမှတ် score တွေထိပါပြောင်းနိုင်တဲ့ program​လေးပါ။ Win 7 ကပါပြီးသား ဂိမ်းတွေကိုလည်း ဒီprogram လေးသုံးပြီး ထိုးဖောက်နိုင်ပါတယ်။ အသုံးပြုပုံကို ပါတစ်ခါတည်းထည့်ထားပါတယ်။ version ကတော့ 6.2 ပါ။ video tutorial နဲ့တော့ မကိုက်ပါဘူး။ Onet ဂိမ်းကိုလည်း ထိုးဖောက်နိုင်ပါတယ်။
အောက်ကလင့်ခ်ကနေ ဒေါင်းနိုင်ပါတယ်
http://www.mediafire.com/download/wdq59qq498i9y67/Cheat_Engine_with_Tutorial.rar
https://www.dropbox.com/s/s7xloxfkvx6a8xg/Cheat%20Engine%206.2%20with%20Tutorial.rar

Saturday, May 25, 2013

Minesweeper game(included in win7) ကစားခြင်း

 Minesweeper ဆိုတာ မိုင်းရှိမယ့်နေရာတွေကို ရှိတဲ့၁၂၃၄၅ကိန်းလုံးလေးတွေနဲ့ ဖော်ကြည့်ပြီး
ရှောင်ကွင်းနှိပ်ရတဲ့ ဂိမ်းလေးပါ။ Window 7 မှာလည်း ပါပြီးသားပါ။
ဆော့ရမယ့်ပုံစံကတော့ စစချင်းတစ်ခုကိုနှိပ်မယ်။ စစချင်းမှာ ဗုံးမမိပါဘူး။ restart လုပ်ပြီးဆော့ရင်တော့ မိနိုင်ပါတယ်။ ပေါ်လာတဲ့ ကိန်းလုံးတွေကိုသုံးပြီး နောက်မိုင်းတွေကို ခန့်မှန်းရမှာပါ။ 1 ဆိုရင် သူ့ရဲ့ ဘေးပတ်ပတ်လည်အကွက်၈ခုမှာ မိုင်းတစ်လုံးဘဲရှိမှာပါ။ 2 ဆိုရင်လည်း သူ့ဘေးပတ်ပတ်လည်၈ကွက်မှာ မိုင်းနှစ်ခုဘဲရှိတာပါ။
ဒီပုံမှာဆိုရင် 1 ၆ခုဟာ အလယ်က မိုင်းတစ်လုံးရှိနေပါပြီ။ဒါဆို အဲ့ 1 အသီးသီးရဲ့ ဘေးပတ်လည်ကျန် ၇ကွက်မှာ မိုင်းမရှိပါဘူး။2 ကိန်းလုံးအတွက် မိုင်းတစ်လုံးတွေ့သွားပါပြီ။နောက်တစ်လုံးကို ကျန်ကိန်းလုံးနဲ့ရှာပြီး သူ့ရဲ့ ဘေးပတ်လည်ကျန်၆ကွက်မှာ မိုင်းမရှိတော့ပါဘူး။ အဲ့လိုဘဲ 3 4 5 ကိန်းလုံးတွေကိုလည်း အဲ့လိုသုံးပြီးမိုင်းရှာပြီး ရှောင်သွားရမှာပါ။
မိုင်းရှိမယ်လို့ တွက်ထားတဲ့ နေရာတွေကို right click နှိပ်ပြီး မှတ်သားထားနိုင်ပါတယ်။ စစချင်း beginner အဆင့်မှာ မိုင်း ၁၀လုံး၊ ဒုတိယ intermediate အဆင့်မှာ မိုင်း ၄၀ စသည်ဖြင့် အဆင့်တွေအလိုက် Menu barက Game>Option မှာ ရွေးပြီး ကစားနိုင်ပါတယ်။

Onet game နှင့် ၄င်းကို ထိုးဖောက်ခြင်း

Onet ဆိုတာ အရုပ်တူလေးနှစ်ခုရှာရှာပြီး ဆက်ရတဲ့ ဂိမ်းလေးပါ။ အောက်မှ ဒေါင်းနိုင်ပါတယ်။
http://www.mediafire.com/?bb14zq6ta37um4d
http://www.solidfiles.com/d/c826404f22
Apk ဖိုင်ကိုတော့ http://www35.zippyshare.com/v/36084770/file.html မှာ ဒေါင်းနိုင်ပါတယ်။ စည်းကမ်းတွေကတော့ အများဆုံးနှစ်ဒေါင့်ချိုးပြီး အရုပ်တူနှစ်ခုကို ဆက်ခွင့်ရှိတယ်။ပူးနေတာလဲ ဆက်နိုင်တယ်။
အထက်က ပုံရဲ့ ဘယ်ဘက်ထောင့်ကဟာကတော့ အသက်ပါ။ အရုပ်တွေက အတွဲလိုက်ရှိပေမဲ့ အရုပ်တူနှစ်ခုဆက်စရာ ရှာလို့မရတော့ဘူးဆိုရင် သူ့ဘာသာသူ ပြောင်းပေးပါတယ်။ အဲ့ဒီအတွက် အသက်တစ်ခုလျော့ပါတယ်။
ပုံရဲ့ ညာဘယ်ကတော့အမှတ်ပါ။အရုပ်တစ်ခုကို အမှတ်နှစ်ဆယ်ရပါတယ်။ အခန်းတစ်ခန်းတက်ရင် ၉၁မှတ် ပေါင်းထည့်ပေးပါတယ်။
ပုံရဲ့ အလယ်ကဟာကတော့ Timer ပါ။
Menu bar အလယ်ကဟာမှာ အမှန်ခြစ်ပေးစရာနှစ်ခုရှိပါတယ်။ အပေါ်ကဟာက အချိန်ကိုတစ်ဝက်ထားတာဖြစ်ပါတယ်။အချိန်တစ်ဝက်ပြည့်တာနဲ့ runtime error ပေါ်လာမှာပါ။
အမှန်ခြစ်ဖြုတ်မှ အချိန်ပြည့် ကစားရမှာပါ(တီးလုံးသံတော့ပျောက်သွားမှာပါ)။အောက်ကအမှန်ခြစ်ကတော့ ထားပေးလဲရပါတယ်။အရုပ်ဆက်ရင် အသံမြည်အောင်လုပ်ပေးတာပါ။
ဒီဂိမ်းက မျက်စိမှတ်မိနိုင်စွမ်းနဲ့လည်းဆိုင်ပါတယ်။ဘေးကလူဝင်ပြောနေကျဆို အကျင့်ဖြစ်ပြီး သူမရှိရင် ကိုယ်လဲမရတော့ဘူး။အားကိုးလိုစိတ်တွေကိုပါတွေ့နိုင်ပါတယ်။
ထိုးဖောက်ဖို့ကိုတော့ အောက်ကလင့်ခ်ကနေသွားကြည့်နိုင်ပါတယ်။Cheat engine ဆိုတဲ့ Program ကိုသုံးပြီး လုပ်သွားတာပါ။
http://freemmlearner.blogspot.com/2013/05/cheat-engine-62-with-tutorial.html