Plants
vs Zombies ကို ကစားရမယ့် အဓိက ပန်းတိုင်ကတော့ သင့်အိမ်ကို
ကာကွယ်ပေးရန်ဖြစ်ပြီး၊ နှောင့်ယှက်ဖျက်ဆီး ဖို့အတွက် အိမ်ရဲ့ဥယျာဉ်ထဲကို
ဝင်ရောက်လာတဲ့ Zombies တွေကို နှိမ်နင်းရန်အတွက် လိုအပ်တဲ့ အပင်များအား
ဝယ်ယူခြင်း၊ နေရာချပေးခြင်း စသည့်လုပ်ဆောင်ချက်များဖြင့် ကစားရသည့် game
ဖြစ်ပါတယ်။
Plants vs Zombies Game ကို Mouse ဖြင့်ပင် ကစားရပါသည်။ ဂိမ်းပုံစံ (၅)မျိုးရှိပြီး Adventure, Mini-Games, Puzzle, Survival, plus the stress-free Zen Garden တို့ပင်ဖြစ်သည်။ Adventure Mode တွင် အခန်း (၅၀) ပါဝင်ပြီး၊ နေ့အချိန် ညအချိန် မြူဆိုင်းချိန် စသည်တို့ပါဝင်သလို ရေကူးကန်အခန်းနှင့် အိမ်ခေါင်မိုး ပေါ်အထိ တိုင်အောင်တက်ရောက်ကစားရ ပါလိမ့်မည်။
Adventure Mode တွင် ဆုံးခန်းတိုင်အောင် မကစား ရသေးပါက Mini-Games Mode သို့ ၀င်ရောက် ကစားခွင့်ကို ပိတ်ထားပါသည်။ Adventure Mode ဖြင့် အခန်းကုန်သည့်တိုင်အောင် ကစားလိုက်ပါက Mini-Games Mode အား ထပ်မံ၍ ဆက်လက်ကစားခွင့် ပေးလာပါလိမ့်မည်။
ထိုသို့ ကစားလာရင်း Puzzle အခန်းသို့ ရောက်လာပါလိမ့်မည်။ Puzzle အခန်းမှတစ်ဖန် Survival အခန်းသို့ ရောက်ရှိလာပါလိမ့်မယ်။ ပုံမှန်အားဖြင့် Survival Level မှာ အလံ (၅)ခုဖြစ်ပြီး၊ hard survival level မှာ အလံ (၁၀)ခုဖြစ်သည်။ Survival Endless အခန်းကတော့ သင်ဘယ်အဆင့် level တိုင်အောင်ကစားပြနိုင်သလဲ ဆိုတာကို စမ်းသပ်တဲ့ အခန်းပါပဲ။ Survival Endless အခန်းကတော့ Tempo အမြင့်ဆုံးအခန်းပါပဲ။ ခက်ခဲမှု အဆင့်မြင့်မားပြီး အဆုံးမရှိသည့်အတွက်ကြောင့် သင့်လက်ဆ မည်သို့ရှိပြီး ကစားအား မည်မျှကောင်းတယ် ဆိုတာကတော့ Survival Endless က အဆုံးအဖြတ်ပေးမှာပါ။
အမှန်တွင်တော့ ဒီဂိမ်းကို နည်းစနစ်မှန်မှန်၊ ကျွမ်းကျင်မှုအရှိဆုံးနဲ့ ကစားနေသည့်တိုင်အောင် Level များများ တက်လာတယ်ဆိုတာ ဖြစ်မလာခဲ့ပါဘူး။ ဒီတော့ ဘာလုပ်မလဲ။ အဓိက ပြဿနာကတော့ Sun ကို များများ ရစေဖို့ ပါပဲ။ သို့မှသာ သင့် Plants တွေအတွက် စိတ်တိုင်းကျ အသုံးချနိုင်မှာဖြစ်သလို Zombies တွေရဲ့ စိန်ခေါ်မှုကိုလည်း အောင်မြင်စွာနဲ့ ကျော်လွန်ဖြတ်သန်းနိုင်မှာ ဖြစ်ပါတော့တယ်...။
(1) ပထမဦးစွာ Game Cheat Engine 5.6 ကို ရယူထားရပါမယ်။ သို့တည်းမဟုတ်လည်း Google ရဲ့ Search Engine မှာ Cheat Engine လို့ ရိုက်ပြီး ရှာဖွေကြည့်နိုင်ပါတယ်။ သတိပြုရန်မှာ အချို့သော Anti-Virus Program များက Cheat Engine ကို Trojan, Virus ဖြစ်သည်ဟု မှားယွင်းဖော်ပြတတ်ပါသည်။ ထို့အတွက် ကြောင့် Virus ပရိုဂရမ်များကိုလည်း ခေတ္တ္တပိတ်ထားပေးရန် လိုအပ်ပါသည်။

{Cheatengineကိုhttp://www.mediafire.com/download/wdq59qq498i9y67/Cheat_Engine_with_Tutorial.rar
https://www.dropbox.com/s/s7xloxfkvx6a8xg/Cheat%20Engine%206.2%20with%20Tutorial.rar မှလည်းဒေါင်းနိုင်ပါသည်}
(2) Download ချပြီးသွားပါက Cheat Engine ကို install တင်ပေးရပါမယ်။ ပြီးတော့ Cheat Engine ကို Open လုပ်ထားရပါမယ်။

(3) ထို့နောက် Plants vs Zombies Game ကို Open လုပ်ပေးလိုက်ပါ။
(4) Game ရဲ့ Option အတွင်းကို ၀င်ရောက်ပြီး Full Screen ဆိုတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးရပါမယ်။ OK နှိပ်၍ game ကို စတင်ရွေးချယ်ပြီး ကစားလိုက်ပါမယ်။ သင်ကစားနေသည့် game mode တွင် လက်ရှိဖြစ်ပေါ်နေသော sun တန်ဖိုးကို ကြည့်လိုက် ပါ။ အောက်တွင် ပြထားသည့်ပုံစံအတိုင်း SUN မှာ 50 ဟု ဆိုပါက ရရှိထားသည့် SUN တန်ဖိုးကို မှတ်သားထားလိုက်ရပါ့မယ်။ ပြီးတော့ game ကို space bar နှိပ်ခြင်းအား ဖြင့် pause လုပ်ထားလိုက်ပါ။

(4)
ထို့နောက် ဖွင့်ထားသည့် cheat engine သို့ ပြန်သွားလိုက်ပါ။ Cheat Engine
အတွင်းမှာ အပေါ်ဘက်ရှိ Process Lists icon ကို click တစ်ချက်နှိပ်လိုက်ပါ။
ထို့နောက် အောက်ဆုံးရှိ လက်ရှိ run နေသည့် Plants vs Zombies ရဲ့
popcapgame1.exe ကို ရှာဖွေပြီး Open လုပ်ရပါမယ်။

(5)
Cheat Engine ရဲ့ Hex value တန်ဖိုးကို ယခင်မှတ်သားထားတဲ့ SUN ရဲ့တန်ဖိုး
50 ကို ရိုက်ထည့်ပေးရ ပါမယ်။ (ဂိမ်းအတွင်းက ပြသထားတဲ့ မည်သည့်တန်ဖိုးကို
မဆို ရိုက်ထည့်နိုင်ပါတယ်) ။ တန်ဖိုး 50 ရိုက်ထည့် ပြီးပါက First Scan ကို
click တစ်ချက်နှိပ်လိုက်ပါ။

(6)
ပြီးတော့ Plants vs Zombies Game ကို ပြန်သွားပြီး Resume Game ကို
ရွေးချယ်ပြီး ဆက်ကစားရ ပါမယ်။ လက်ရှိ SUN တန်ဖိုးမှာ 50 ရှိနေပြီး SUN
နောက်တစ်ခု ထပ်ယူလိုက်ပါမယ်။ ဒါဆိုရင် SUN တန်ဖိုးမှာ 75 သို့
ပြောင်းသွားပါ့မယ်။ ယင်းတန်ဖိုး 75 ကို မှတ်သားထားပြီး game ကို ပြန်ပြီး
pause လုပ်ထားပါ့မယ်။
(7) ထပ်မံပြီး Cheat Engine ကို ပြန်သွားလိုက်ပါ။ Cheat Engine ရဲ့အကွက်မှာ စောစောက မှတ်သားထားတဲ့ SUN တန်ဖိုး 75 ကို ထပ်ပြီး ရိုက်ထည့်ပေးလိုက်ပါဦး။ ပြီးတော့ Next Scan ကို click နှိပ်ကြည့်လိုက်ပါ။ ဒါဆိုရင် Found1 ရဲ့ Value 75 နဲ့ Address တစ်ခု ထပ်မံပေါ်လာပါမယ်။

(8)
အဲဒီအပေါ်မှာ double click နှိပ်လိုက်ပါ။ ဒါဆိုရင် အောက်ဆုံးရှိ Address
အကွက်ထဲမှာ စာကြောင်း တစ်ကြောင်း ထပ်တိုးသွားပါလိမ့်မယ်။ Frozen
လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်တပ်ပေးလိုက်ပါ။ ပြီးနောက် ထိုစာကြောင်းပေါ်မှာ
right click နှိပ်ပြီး Change Record မှတစ်ဆင့် Value ကို
ရွေးချယ်လိုက်ပါ။ အဲ့ဒီအကွက် ထဲမှာ သင့်စိတ်ကြိုက်ကိန်းဂဏန်းများကို
ရိုက်ထည့်ပေးလိုက်ပါ။

ဒါဆိုရင်
SUN တန်ဖိုးမှာ ယခင်ရိုက်ထည့်လိုက်တဲ့ ပမာဏအတိုင်း SUN တွေ
ရောက်ရှိသွားပြီပေါ့။ ကုန်သွားမှာ လည်း မပူရတော့ပါဘူး။ ထပ်မံပြီး
လိုအပ်လာပါကလည်း အထက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါသေးတယ်။ ကဲ..။ အားရပါးရ
ကစားလိုက်ကြပါစို့။

No comments:
Post a Comment