Archive for July 2013
APK ဖိုင်ကို မြန်မာမှုပြုခြင်း
By : Friend Mobile ServiceCredit to: www.kogyikaunghtet.blogspot.com , Another link
Android Device မှာ Install ပြီး ဆော့ကစားကြတဲ့ ဂိမ်းလေးတွေ၊ Facebook, Twitter ကဲ့သို့သော Social
app လေးတွေ၊ စက်ကို အမှိုက်ရှင်းပေးတဲ့ app လေးတွေကို ကိုယ်တိုင် မြန်မာမှုပြုနိုင်စေဖို့ အသေးစိတ်
ဖော်ပြပေးလိုက်ပါတယ်။ တချို့တွေစမ်းသပ်ကြည့်ကြတဲ့အခါမှာ အခက်အခဲလေးတွေ ရှိနေကြသေးတာမို့
လို့ ဒီလို အသေးစိတ် ဖော်ပြပေးလိုက်တာပါ။ အရင်ဦးဆုံး ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ JDK (Java Development Kit) ရှိနေဖို့ လိုအပ်ပါတယ်။ Java ကို Install လုပ်နည်း နဲ့ ထည့်သွင်းနည်း အသေးစိတ်ကို
"Java ကို Install စတင် ပြုလုပ်ခြင်း" မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။ ဒါဆိုရင် ကွန်ပျူတာမှာ Java
ထည့်သွင်းပြီးပြီ လို့ ယူဆလိုက်ပါတော့မယ်။ ဒေါင်းစရာ ဖိုင် နှစ်ဖိုင်ရှိပါတယ်။ မူရင်း Download Link ကတော့ >>> http://apkmultitool.com/?q=node/5 ဖြစ်ပါတယ်။
ဒါပေမယ့် Frame Work ဖိုင်ကို ဒေါင်းဖို့ ရှာမတွေ့ကြတဲ့အတွက် MediaFire မှာ တင်ထားပေးပါတယ်။
APK-Multi-Tool ကို Down ရန် >>> Download <<<
Framework ကို Down ရန် >>>Download <<<
ဒေါင်းလို့ ရရှိလာတဲ့ zip ဖိုင် နှစ်ဖိုင်ပေါ်ကို Right Click နှိပ်ကာ Extract Here ဖြင့် နှစ်ဖိုင်လုံးကို ခွဲလိုက်ပါ။
ခွဲပြီးသွားရင် framework-res_api16.apk ကို ကော်ပီကူးပြီး APK-Multi-Tool ဖိုဒါထဲကို ထည့်ပါ။
အဲ့ဒိ framework-res_api16.apk ဖိုင်ကို Rename ပြောင်းပါမယ်။ framework-res.apk လို့ပြောင်းလိုက်
ပါ။ ပြီးရင် other ဖိုဒါထဲကို ထည့်ပေးလိုက်ပါ။ တစ်ခုပြောချင်တာက Rename ပြောင်းတဲ့ အချိန်မှာ ဂရု
စိုက်ပေးပါလို့ ...။
နောက်တစ်ဆင့်ကတော့ Setup.bat ဖိုင်ကို Double Click နှိပ်ကာ Run ပေးပါ။ ပြီးသွားရင် Frame Work
ကို Install ဖို့အတွက် 2ကို ရိုက်ကာ Enter ခေါက်ပါ။
ပြီးရင် 1 ကို ထပ်ရိုက်ပြီး Enter ခေါက်ပါ။
framework ကိုတွေ့ရှိပြီး Install လုပ်ပါလိမ့်မယ်။ Press any key to continue ... ဆိုရင် ကီးဘုတ်မှ ကီး တစ်ခုခု နှိပ်ပေးလိုက်ပါ။
ပြီးရင် (ပိုရှင်းသွားအောင်) Setup.bat ကို ပိတ်ပြီး တစ်ခါ ပြန်ဖွင့်ပါ။ 3 လို့ ရိုက်လိုက်ပြီး Enter ခေါက်လိုက်
ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖိုဒါ အသစ်တွေကို တွေ့ရှိရမှာပါ။
လုပ်ငန်းစဉ် တော်တော် များများကို ပြီးမြောက်သွားပါပြီ။ မြန်မာမှုပြုဖို့ အတွက် စတင်ပါတော့မယ် ....။
place-apk-here-for-modding ဖိုဒါထဲကို ကိုယ် မြန်မာမှုပြုချင်တဲ့ apk ဖိုင်ကို ထည့်ပါ။ ကျွန်တော်က
တော့ နမူနာအနေနဲ့ Facebook.apk တစ်ခုကို ထည့်လိုက်ပါတယ်။
တစ်ခု သတိထားဖို့ ပြောချင်တာကတော့ ကိုယ်ထည့်လိုက်တဲ့ apk ဖိုင်ရဲ့ နာမည်ဟာ လုံးဝ Space မခြား
ရပါဘူး။ ဒါဟာ အရေးကြီးပါတယ်။ ပြီးရင်Script.bat ဖိုင်ကို Double Click နှိပ်ကာ Run လိုက်ပါ။ ကိုယ်
ထည့်လိုက်တဲ့ apk ဖိုင်ကို ရွေးချယ်ပေးဖို့ အတွက် 24 ကို ရိုက်ပြီး Enter ခေါက်ပါ။
place-apk-here-for-modding ဖိုဒါထဲမှာ apk ဖိုင် များများထည့်ထားရင် များများပေါ်နေမှာပါ။ ကျွန်တော်
ကတော့ ခုနက ထည့်ထားလိုက်တဲ့အတိုင်း Facebook.apk ဆိုတာတစ်ခုတည်းရှိနေလို့ တစ်ခုတည်း ပေါ်
နေပါတယ်။ အဲ့ဒါလေးကို ရွေးချယ်ဖို့ 1 ကိုရိုက်ပြီး Enter ခေါက်ပါ။
apk ကို Decompile ခွဲမှာ ဖြစ်တဲ့ အတွက် 9 လို့ ရိုက်ပြီး Comment ပေးလိုက်ပါ။ ဒါဆိုရင်တော့ ခွဲနေပါ
လိမ့်မယ်။ ဖိုင်ရဲ့ ဆိုဒ် အကြီးအသေးကို မူတည်ပြီး ကြာချင်ကြာပါလိမ့်မယ်။
ခွဲပြီးသွားရင်တော့ Projects ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ခွဲထားတဲ့ Facebook.apk ဖိုဒါကြီး ရောက်ရှိလို့နေပါပြီ။
Script.bat ဖိုင်ကြီးကိုတော့ မပိတ်သေးဘဲ Minimize လုပ်ထားလိုက်ပါ။
မြန်မာ လို စာတွေ ထည့်နိုင်ဖို့ အတွက် အဲ့ဒိ Facebook.apk ဖိုဒါထဲကို ၀င်ပါ။ ပြီးရင် res ဖိုဒါထဲကို ၀င်ပါ။
အဲ့ထဲကမှ values ဖိုဒါထဲမှ strings ဆိုတဲ့ xml ဖိုင်လေးကို ဖွင့်လိုက်ပါ။
ပြီးရင် အောက်ပါပုံအတိုင်း </string> ဆိုတာလေးရဲ့ရှေ့က အင်္ဂလိပ်စာတွေကို သင့်တော်သလို မြန်မာ
စာ ပြောင်းပါ။
အားလုံးပြောင်းပြီးရင်တော့ သိမ်းပါမယ်။ File ကို နှိပ်ပြီး Save as... ကို နှိပ်ပါ။
အဲ့နောက် အောက်ပါအတိုင်း Save as type မှာ All Files ကို ရွေးထားပါ။ Encoding မှာ UTF-8 ကို ရွေး
ပေးပါ။ ပြီးရင်တော့ Save ပေါ့...။
ဖိုင်က ရှိပြီး သားဖြစ်ပါတယ်... အစားထိုးမှာလား ??? ဆိုပြီးမေးလာရင် Yes ကို နှိပ်ပေးလိုက်ပါ။

_______________________________________________________________________

Script.bat ဖိုင်ကို ပြန်သွားပါ။ ကိုယ့်ရဲ့ apk ဖိုင်က System apk မဟုတ်ရင် 12 ကို ရိုက်ပါ။ System apk
ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
လိုက်ပါ။ ပြီး ရင် Enter ခေါက်၊ ခဏစောင့် ! :D
1, 2, 3, 4 ရွေးစရာ မေးလာရင် 2 ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ။
ပြီးရင် apk ကို Sign လုပ်ရန် အတွက် 13 လို့ ရိုက်ပြီး Enter ခေါက်ပါ။
အားလုံးပြီး သွားပါပြီခင်ဗျာ ...... ။ ကိုယ် မြန်မာမှုပြုထားတဲ့ apk လေး ကို
တွေ့ချင်ရင်တော့ place-apk-here-for-modding ဖိုဒါထဲကို ပဲ
ပြန်သွားလိုက်ပါ။ မူရင်း apk က Facebook.apk ဖြစ်ပြီး၊ မြန်မာမှု
ပြုထားတဲ့ apk ကတော့ SignedFacebook.apk ဖြစ်ပါတယ်။
ဒီလိုနည်းနဲ့ပဲ တခြား ဖိုင်တွေ ဖြစ်တဲ့ drawables ဖိုဒါတွေထဲကို လျှောက်ဝင်ကြည့်ပြီး ပုံ လေးတွေကိုလည်း
ပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်ဗျာ.....။ တခြား apk ဖိုင် ( ဂိမ်းတွေ၊ စက်ရှင်းတဲ့ ဆော့ဝဲတွေ) ကိုလည်း
စမ်းသပ်ကြည့်ကြပါဗျာ...။
:o ... ဟူး ... ပီး တွား ပီ !!! :P
အားလုံးကို ကျေးဇူးတင်ပါတယ် ...။
ဖတ်ရှုပေးတဲ့ အတွက် .... :D
Add Blog Fading Effect For Bloggers
By : Friend Mobile ServiceCredit - http://www.kogeelaytm.blogspot.com/2013/07/blogger-add-fading-fx.html#more
ဘလော့ဂါသမားများအတွက် မိမိဘလော့အတွင်းရှိ လင့်ခ်များကိုနှိပ်ပါက Fade ပုံစံဖြစ်ပီးလိုချင်တဲ့ Link ကိုရောက်သွား တဲ့စတိုင်လေးကို သွင်းနည်းပါ။ ကျွန်တော်ပြောတာ သိပ်မရှင်းရင် အပေါ်က Demo လင့်ခ်မှာ နှိပ်ပြီး အဲ့ဒီဝက်ဆိုက်ထဲက ပိုစ့်လင့်ခ်တစ်ခုခုကို နှိပ်ကြည့်ပါ၊ အဲ့ဒီ FX ကိုတွေ့ ရှိပါလိမ့်မယ်။ ဘလော့ဂါအားလုံး စမ်းကြည့်ချင်ရင်တော့ အောက်က နည်းလမ်းအတိုင်း ဆက်ပြီးဖတ်လိုက်ပါ။
နည်းလမ်း :

- Blogger သို့ဝင်ပြီး Template က Edit HTML ကိုသွားပါ။
- ကီးဘုတ်က Ctrl + F ကိုနှိပ်ပြီး ကိုရှာပါ။
- အောက်ကကုတ်တွေကိုကူးပြီး ပေါ်မှာဖြည့်ပေးလိုက်ပါ။
<script src='https://kogeelay.googlecode.com/files/pagefadein-out.js' type='text/javascript'/>
<script type='text/javascript'>
//<![CDATA[
$(document).ready(function() {
$("body").css("z-index", "-10");
$("body").fadeIn(0);
$("a").click(function(event){
event.preventDefault();
linkLocation = this.href;
$("body").fadeOut(500, redirectPage); });
function redirectPage() {
window.location = linkLocation;
}
});
//]]>
</script>
<style>
html {
background-color: #F2F2F2; /* Color fading */
}
</style>
- အကယ်သို့ သင့်ဘလော့က link အားလုံးကို ဒီ FX မထည့်ထားချင်ပဲ Older post, newer post နဲ့အချို့ မှာပဲထည့်ထားချင်ရင် တော့အောက်က ကုဒ်ကို အပေါ်ကအပြာရောင် ကုဒ်နဲ့ အစားထိုးလိုက်ပါ။
ဒါဆို Save Template နှိပ်ပြီးသင့် Blog က Link တွေလိုက်ပြီးစမ်းနိုင်ပါပြီး။ အဆင်ပြေကြပါစေသတည်း။$(".post-title a, .blog-pager-older-link, .blog-pager-newer-link, .tabs").click(function(event){
Tag :
blogger tricks,
How To Solve: "BOOTMGR image is corrupt. The system cannot boot."
By : Friend Mobile Serviceကွန်ပျူတာက ဘာမှတက်မလာတော့ဘဲ"BOOTMGR image is corrupt. The system cannot boot." ဆိုပြီး တက်လာတဲ့ error ပါ။ boot image file ပျက်သွားတာပါ။အောက်ပါအတိုင်း ဖြေရှင်းကြည့်ပါ။
System Repair လုပ်ရင်လည်းပဲ ကောင်းနိုင်ပါတယ်။
Original from: http://topzung.wordpress.com/2011/03/06/solve-the-problem-bootmgr-image-is-corrupt-the-system-cannot-boot/

How to repair Windows 7′s (or Vista’s) Boot Manager by using Bootrec.exe
- After turn on the laptop (or PC), try to access “Repair your computer” via F8 key.
- In the System recovery options window, select “Command Prompt”.
- Type Bootrec.exe /[option] where [option] is the way to repair your PC. There are 4 options available which are: /FixMbr, /FixBoot, /ScanOs, and /RebuildBcd. For me, I choose /FixBoot. (More details at Microsoft Support)
- Restart.
Tag :
Computer errors,
How to,
TeamViewer 8.0.17292 Enterprise + Patch
By : Friend Mobile ServiceTeamViewer Software ကတော့ ကွန်ပျူတာတစ်လုံးကို အခြား တစ်လုံးမှ လှမ်းထိန်းချုပ်နိုင်အောင် ပြုလုပ်ပေးနိုင်တဲ့ Software ဖြစ်ပါတယ်။ကွန်ပျူတာနှစ်လုံးစလုံး Team Viewer တင်ထားဖို့လိုပြီး Account ရှိဖို့ Wifi ရှိထားဖို့ လိုပါမယ်။ နည်းပညာသမားတွေကတော့ အသုံးပြုသူစက်တစ်ခုခုချို့ယွင်းသလား အဝေးမှ လှမ်းစစ်ဆေးဖို့ အသုံးပြုကြပါတယ်။ အောက်မှ အဆင်ပြေရာဆိုဒ်မှ ဒေါင်းနိုင်ပါတယ်။Patch ဖိုင်ပါပါပြီးသားပါ။
Download From Dropbox
Download From Zippyshare
Download From Solidfiles
Download Only Patch file(Dropbox)
Download From Dropbox
Download From Zippyshare
Download From Solidfiles
Download Only Patch file(Dropbox)