- Back to Home »
- knowledge , Search Engine »
- Wonderful Search Engine: SHODAN
Posted by : Friend Mobile Service
Thursday, August 1, 2013
Copy From: http://servicebyart.blogspot.com/2013/06/search-engine.html
-------------------------------------------------------------------------------
“လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ဘူးဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေးက အရမ်းကောင်းနေပြီး ဘယ်သူမှ မတွေ့နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒါဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေးပါပဲ။” ဟု Shodan (သို့) အင်တာနက်ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။
Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ်တွေကို ရှာပေးတဲ့ search engine မဟုတ်ပါဘူး။ Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာတွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။
Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာတစ်ဝန်းရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေးတယ်လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေက ကျောချမ်းစရာတောင် ကောင်းပါတယ်။ အချက်ပြမီးပွိုင့် ထိန်းချုပ်စနစ်နဲ့ လုံခြုံရေး ကင်မရာတွေကစပြီး ရေအားလျှပ်စစ် စက်ရုံနဲ့ နျူကလီးယားဓာတ်ပေါင်းဖို့ ထိန်းချုပ်စနစ်များပါ ပါဝင်နေပါတယ်။
Default Password ပဲ သုံးထားတဲ့ လုံခြုံရေးစနစ်တွေဟာ မရေတွက်နိုင်အောင် များပြားလှတာကို တွေ့ရပါမယ်။ ပိုလို့ဆိုးတာက လုံခြုံရေးစနစ် လုံးဝ မပါရှိတဲ့ စနစ်တွေက ပိုလို့တောင် များနေပါတယ်။ မသမာသူတွေ လက်ထဲကိုသာ Shodan ရောက်ရှိသွားရင် ကမ္ဘာကြီးတော့ ဒုက္ခလှလှ တွေ့နိုင်ပါတယ်။
နောက်တစ်ချက်က Shodan သုံးပြီး တွေ့ရှိလာတဲ့ အရာတွေထဲက အများစုဟာ တကယ်တမ်းတော့ လုံခြုံရေးအရ အင်တာနက်နဲ့ ချိတ်ဆက်ထားဖို့တောင် မသင့်တော်ပါဘူး။ ဥပမာ - စက်ရုံတစ်ခုရဲ့ အပူပေးစနစ်ကို ကွန်ပြူတာနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာကုမ္ပဏီ အများစုက အပူပေးစနစ်နဲ့ ကွန်ပြူတာစနစ်ကို တိုက်ရိုက် ချိတ်ဆက်ရမယ့်အစား လွယ်ကူတဲ့ နည်းလမ်းဖြစ်တဲ့ အင်တာနက်ဆာဗာသုံးပြီး ချိတ်ဆက်လိုက်တဲ့အခါ ဤစက်ရုံရဲ့ အပူပေးစနစ်ကို ကမ္ဘာတစ်ဝန်းကနေပြီး အင်တာနက်ပေါ်မှာ ရှာတွေ့နိုင်ပြီး အလွယ်တကူ ထိန်းချုပ်သွားနိုင် ပါတော့တယ်။
ကောင်းတဲ့ သတင်းတစ်ခုကတော့ လောလောဆယ်မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေအတွက်ပဲ အသုံးပြုနေပါတယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ်က တည်ထွင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Shodan ကို အသုံးပြုနေသူများဟာ ကွန်ယက်လုံခြုံရေး စမ်းသပ်သူတွေ၊ ပညာရှင်တွေ၊ အာဏာပိုင် အဖွဲ့အစည်းတွေပဲလို့ သိရှိရပါတယ်။ သာမန်သူတစ်ဦး အနေနဲ့ Shodan ကို သုံးမယ်ဆိုရင် account မပါပဲနဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ်နိုင်ပြီး account ဖွင့်ပြီးပါက ရှာဖွေမှု ၅၀ အား ပြုလုပ်နိုင်မည်ဖြစ်သည်။ ဒီထက်ပိုပြီး နက်နဲစွာ အသုံးပြုမယ်ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြရမည်ဖြစ်သလို အခကြေးငွေလည်း ပေးဆောင်ရမည်ဟု သိရှိရသည်။
ref : Myanmar Consumer Guide

-------------------------------------------------------------
Link--> www.shodanhq.com